အောက်တိုဘာ ၁ ။ ။ ထိုင်ဝမ် အရှေ့မြောက်ပိုင်းမှာ အောက်တိုဘာ ၁ ရက်က တံတားတစ်စင်း ရုတ်တရက် ကျိုးကျမှုဖြစ်ခဲ့လို့ အနည်းဆုံး လူ ၁၄ ဦး ဒဏ်ရာရရှိသွားပါတယ်။
ယင်းတံတားဟာ ကျိုးကျသွားခဲ့ပြီး အောက်မှာ ဆိုက်ကပ်ထားတဲ့ ငါးဖမ်းရေယာဉ်တွေအပေါ်လည်း ပိမိသွားခဲ့တယ်လို့ သိရပါတယ်။
တံတား ကျိုးကျမှုကြောင့် ဆီတင် သင်္ဘောတစ်စီးလည်း ရေအောက် နစ်မြုပ်သွားခဲ့ရပါတယ်။
ထိုင်ဝမ် အရှေ့ပိုင်း ကမ်းရိုးတန်း Nanfangao မှာ အဆိုပါ မီတာ ၁၄၀ ရှည်တဲ့ ခုံးတံတား ကျိုးကျခဲ့မှုကိုလည်း စီစီတီဗီမှာ မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။
ယခုအခါ ယင်းတံတား ကျိုးကျပြီး အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကိုလည်း အမြန်ဆုံး ကယ်ထုတ်နိုင်ရေး ကယ်ဆယ်ရေးသမားတွေ ကြိုးပမ်းနေကြပါတယ်။
လက်ရှိအချိန်မှာ ဒဏ်ရာရသူတွေနဲ့ ပျောက်ဆုံးနေသူများကို အမြန်ဆုံး ရှာဖွေကယ်ဆယ်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အားချင်းလုပ်ဆောင်နေကြောင်း ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က ပြောပါတယ်။
ယင်း တံတားကတော့ ၁၉၉၈ ခုနှစ်လောက်က တည်ဆောက်ထားခဲ့တာဖြစ်ပြီး ခုချိန်မှာ ဘာကြောင့် ကျိုးကျရတာလဲ ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေလျက် ရှိပါတယ်။
Mizzima Key Campaign မှာ ပါဝငဖြို့ ဖိတခြေါလြိုကပြါတယြ။ Visit Our website: http://building.mizzimafoundation.org/