ကရင့်အာဇာနည်နေ့အခမ်းအနားကျင်းပမှုအပေါ် ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့်အမှုဖွင့်ခံထားရသောကြောင့် တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို ပြိုကွဲစေကြောင်း ကရင်အမျိုးသမီးအစည်းအရုံး KWU ဥက္ကဋ္ဌ နော်အုန်းလှက စက်တင်ဘာလ ၁ရရက်နေ့ ရုံးထုတ်တွင် ပြောဆိုလိုက်သည်။
သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမနှင့်မဟာဗန္ဓုလပန်းခြံအရှေ့တွင် ၆၉ နှစ်မြောက် ကရင့်အာဇာ နည်နေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့မှုအတွက် ဒေါ်နော်အုန်းလှအပါအဝင် ကရင်လူငယ် စသိန်းဇော်မင်း၊ စောလဘွယ်ချိုတို့အား ကျောက်တံတားမြို့နယ် ရဲစခန်းမှ ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ ဖြင့် အမှုဖွင့်ခဲ့သည်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/60591
ရိုက်ကူး/တည်းဖြတ် - ကရိုင်နူးရာ