အမှုရင်ဆိုင်နေရသော ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သည့် ဘိုကလေးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်အား တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးသို့ တက်ရောက်ရန် စာပို ့ထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၁၉ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအား စက်တင်ဘာလ ၁၉ရက်နေ့တွင် ခေါ်ယူထားကြောင်း သိရသည်။
ဦးစံမင်းအောင်သည် ပုသိမ်မြို့နယ်တရားရုံးတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုရန် ကားဝယ်ယူမှုနှင့်ပတ်သက်၍ အမှုရင်ဆိုင်နေရပြီး၊ပုသိမ်မြို့နယ်တရားရုံးမှ စက်တင်ဘာလ ၁၃ ရက် နေ့တွင် အာမခံပေးခဲ့သည်။
ရိုက်ကူး - စည်သူမောင်မောင်