စက်တင်ဘာ ၆ ။ ။ ဇင်ဘာဘွေ အာဏာရှင် သမ္မတဟောင်း ရောဘတ်မူဂါဘီ ကွယ်လွန်သွားခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၎င်းဟာ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပြီဖြစ်ပါတယ်။
သမ္မတဟောင်း မူဂါဘီဟာ ကျန်းမာရေး ချို့ယွင်းနေခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ၎င်းရဲ့ မိသားစုက အတည်ပြုပါတယ်။
မစ္စတာ မူဂါဘီကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စစ်တပ်အာဏာသိမ်းမှုတစ်ရပ်မှာ ရာထူးကနေ ဆင်းပေးခဲ့ရခြင်းနဲ့အတူ နိုင်ငံမှာ ၎င်းရဲ့ ဆယ်စုနှစ် သုံးစုကြာ အုပ်စိုးမှုလည်း အဆုံးသတ်သွားခဲ့ပါတယ်။
“ ငြိမ်းချမ်းစွာ အနားယူပါ၊ ရောဘတ် မူဂါဘီ” ဆိုပြီး ဇင်ဘာဘွေ ပညာရေး အတွင်းဝန် ဖက်ဒ်ဇာယီ မာဟာရီကလည်း တွစ်တာမှာ ရေးသားထားပါတယ်။
မစ္စတာ မူဂါဘီကတော့ ၁၉၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
၎င်းဟာ ၁၉၆၄ ခုနှစ်က ရိုဒီးရှား အစိုးရကို ဝေဖန်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်စုကြာ ထောင်ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/