မကွေးတိုင်းဒေသကြီးတွင် Seasonal Influenza ဓါတ်ခွဲအတည်ပြုချက်အရ ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားသူ (၉)ဦးရှိပြီး သေဆုံးသူ(၁) ဦးရှိကြောင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။
မကွေးတိုင်းတွင်၂၀၁၉ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့အထိ ဓါတ်ခွဲစစ်ဆေးချက်အရ သံသယလူနာ(၁၉)ဦးရှိပြီး (၉)ဦးမှာ H1N1 ပိုး တွေ့ရှိခဲ့ကြောင်း ဖြစ်ပွားမှုများအရ အောင်လံမြို့နယ်တွင် (၆)ဦး၊ သရက်မြို့နယ်တွင် (၂) ဦး၊ နတ်မောက်မြို့နယ်တွင် (၁)ဦးဖြစ်ခဲ့ကာ အောင်လံမြို့နယ်မှ အသက်(၉)နှစ်အရွယ်ကလေး(၁)ဦး သေဆုံး ခဲ့ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောသည်။
ရိုက်ကူး- တင်ရွှေ (မဇ္စျိမ)