Mobile Legends ကုမ္ပဏီကနေ မြန်မာနိုင်ငံမှာတရားဝင်ကျင်းပမယ့် Season 3 ပြိုင်ပွဲမှာ စုစုပေါင်းဆုကြေးငွေ ကန်ဒေါ်လာ ငါးသောင်း၊ မြန်မာကျပ်ငွေအနေနဲ့ ငွေကျပ် သိန်းခုနှစ်ရာငါးဆယ်ကျော် ချီးမြင့်သွားမယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲမှာ ပုံမှန်ချီးမြင့်ပေးမယ့် ဆုပေါင်း ၆ ဆုရှိပြီ တစ်သင်းချင်းစီကို အပတ်စဉ်ကြေးတွေလဲ ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရလာတဲ့အမှတ်အပေါ်မူတည်ပြီး ဆုကြေးထပ်ပေးသွားဖို့ ရှိတာကြောင့် ဆုကြေးဟာ စုစုပေါင်း ကန်ဒေါ်လာ ၅ သောင်းဖြစ်သွားရတာလို့ MPL- Season 3 ရဲ့ ထုတ်လုပ်မှုဒါရိုက်တာ ကိုစိုးမိုးအေးက ပြောပါတယ်။
ရိုက်ကူး / တည်းဖြတ် - စိုးသူအောင်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58918