လီယွန်နယ် မက်ဆီဟာ ချီလီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ တတိယနေရာလုပွဲ ပထမပိုင်းမှာ အနီကတ်နဲ့ အထုတ်ခံရပြီးနောက် ပွဲအပြီး ဆုတံဆိပ်ချီးမြှင့်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိသလို ပြိုင်ပွဲကိုလည်း အကျင့်ပျက်ခြစားမှုလို့ သူက ဝေဖန်သွားခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ချီလီအသင်းကို အဂူရို၊ ဒီဘားလားတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ကိုပါအမေရိကပြိုင်ပွဲမှာ တတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58595
တင်ဆက် - ဆက်ဝေယံနိုင်