ဇူလိုင် ၁ ။ ။ ဟောင်ကောင်ကို ဗြိတိသျှက တရုတ်ဆီ လက်လွှဲအပ်တဲ့ နှစ်ပတ်လည်နေ့မှာပဲ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်ဖြစ်ပေါ်နေလျက်ရှိပြီး ဆန္ဒပြသမားတွေနဲ့ ရဲတွေနဲ့အကြား ထိတ်တိုက်တွေ့မှုတွေ ရှိနေခဲ့ပါတယ်။
ဇူလိုင် ၁ ရက်မှာပဲ ဟောင်ကောင်ဆန္ဒပြသမားတွေက ပါလီမန်အဆောက်အအုံ မှန်နံရံတွေကို ရိုက်ခွဲချိုးဖျက်ပြီး အဆောက်အအုံကို ဝင်စီးနင်းနိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
ယခုလို ဒေါသထွက်နေတဲ့ မြင်ကွင်းတွေနဲ့အတူ နိုင်ငံတကာ ဘဏ္ဍာရေး အချက်အချာမြို့မှာ တင်းမာမှုတွေ ပြန်လည် အရှိန်မြင့်တက်လာတာကိုပါ တွေ့မြင်ခဲ့ရပါတယ်။
ယင်း မြို့မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်သုံးပတ်ကတည်းက သမိုင်းဝင် ဆန္ဒပြမှုတွေနဲ့အတူ မတည်မငြိမ်မှုတွေဖြစ်ပေါ်နေလျက် ရှိတာဖြစ်ပါတယ်။
အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူတွေအပေါ် အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုနှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။