ဇွန် ၂၂ ။ ။ ရခိုင်ဒေသရှိ ၆ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် မိုဘိုင်းအင်တာနက် ယာယီဖြတ်တောက်မည်ဟု မြန်မာနိုင်ငံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တယ်လီနောအပါအဝင် တယ်လီဖုန်းအော်ပရေတာ ကုမ္ပဏီများသို့ ညွှန်ကြားထားသည်။
ဇွန် ၂၁ ရက်က စတင်ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်ရှိ မြို့နယ် ၈ ခုတွင် မိုဘိုင်းအင်တာနက် ယာယီ ဖြတ်တောက်မည်ဟု ဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း တယ်လီနောမှ ယင်းနေ့က ကြေညာသည်။
ယင်းဖြတ်တောက်မှုတွင် တယ်လီဖုန်းပြောဆိုခြင်းနှင့် SMS မက်ဆေ့ချ်ပို့ခြင်းများ ပါဝင်မည်မဟုတ်ကြောင်း သိရပြီး တယ်လီနောမြန်မာမှ အဆိုပါဖြတ်တောက်မှုအကြောင်း သုံးစွဲသူများထံ မက်ဆေ့ချ်ပေးပို့ထားသည်ဟု ဆိုသည်။
“ ဇွန် ၂၁ ရက် မနက် ၂ နာရီလောက်ကတည်းက MPT က မရတော့တာ။ တယ်လီနောကတော့ နေ့လယ် နောက်ပိုင်း မရတော့ဘူး။ စာပို့လာတယ်။ MPT ကတော့ ပို့တောင် မပို့ဘူး” ဟု မောင်တောမြို့အနီးရှိ NGO ဝန်ထမ်းဒေသခံတစ်ဦးက ပြောသည်။