တိုင်းရင်းသားလူမျိုးများ၏ တန်းတူအခွင့်အရေးကို တောင်းဆိုရာတွင် ဘာသာစကား၊ စာပေ၊ ယဉ် ကျေးမှု၊သမိုင်းများကို တိုင်းရင်းသားများကိုယ်တိုင်အပြည့်အဝ ကျင့်သုံးခွင့်ပေးရန် လိုအပ်ကြောင်း တိုင်းရင်းသား လူမျိုး ရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်းမှ အမှုဆောင်ဒါရိုက်တာ ဆလိုင်း ငွန်လျန်ဆန်း ပြောသည်။
နပြည်တော်၊ပျဉ်းမနားရှိ သုခစိုးဟိုတယ်တွင် ဇွန်လ ၁၅ရက်နံနက်ပိုင်းက တိုင်းရင်းသားလူမျိုး ရေးရာဖွံ့ဖြိုးရေးသုတေသနအသင်း(CDES) နှင့် နေပြည်တော် လူငယ်ရေးရာကော်မတီတို့ ကျင်းပပြု လုပ်ခဲ့သော ငြိမ်းချမ်းရေးဖိုရမ်တွင် ၎င်းကပြောဆိုလိုက်ခြင်းဖြစ်သည်။
ရိုက်ကူး-အောင်မြတ်သူ