လာမဲ့ ဇွန် ၁၉ ရက်နေ့မှာ ကျရောက်မဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ခရေပင် ၅၀၀ ကို ဒဂုံအရှေ့မြို့နယ်မှာရှိတဲ့ ဗိုလ်မှူးဗထူးလမ်းနဲ့ ကျန်စစ်သားလမ်းထိပ်က ဒဂုံတက္ကသိုလ်အထွက်ပေါက်နားမှာNLD ပါတီဝင်တွေက စိုက်ပျိုးခဲ့ကြပါတယ်။
“ ဒီနေ့ ဒီမှာစိုက်တဲ့သစ်ပင်ဟာ ခရေပင်ချည်းပဲဖြစ်တာ အင်မတန် ထူးခြားမှုပါ။ ခရေပင်အပင် ၅၀၀ ရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ လာမဲ့ ၂၀ ရက်နေ့ဆို ရင် မြို့နယ်တစ်မြို့နယ်ကို သစ်ပင်က ၂၀၀၀ နှုန်းစီ၊ ၄ ဧက ကျယ်တဲ့ လှော်ကားမှာ ကျွန်တော်တို့ စိုက်သွားမယ်။ ဒါကတော့ မြို့နယ်ပေါင်းစုံ တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်ပေါင်းစုံ သစ်ပင်ကလည်း ပေါင်းစုံဖြစ်ပါတယ်” လို့ တာမွေမြို့နယ် ဒုဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။
မွေးနေ့အထိမ်းအမှတ်အပြင် လာမဲ့ ဇွန် ၂၀ ရက်နေ့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လှော်ကားဥယျာဉ် ထဲက မြေ ၄ ဧကထဲမှာ သစ်ပင်တွေ ဆက်လက်စိုက်ပျိုးသွားဖို့ ရှိနေပါတယ်။
ရိုက်ကူး၊တည်းဖြတ်-စိုးသူအောင်