ဖမ်းဝရမ်း ထုတ်ခံထားရသည့် မဘသ ဆရာတော် ဦးဝီရသူအတွက် စတုတ္ထအကြိမ်မြောက် ဆုတောင်းပွဲ တစ်ရပ်ကို ဇွန် ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်တွင် ရာဂဏန်းခန့်ရှိသော ရဟန်းနှင့် လူပုဂ္ဂိုလ်များက ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးရှိ ကြေးသွန်းဘုရားအရှေ့မှ စတင်ပြီး မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက် ဆုတောင်းခဲ့ကြသည်။
မေ ၅ ရက်က ရန်ကုန်မြို့လယ်တွင် ဦးဝီရသူ၏ ဟောပြောချက်များသည် အုပ်ချုပ်ရေး အပါအဝင် မဏ္ဍိုင်ကြီး (၃)ရပ်ကို စော်ကားပြောဆိုပြီး ဆဲဆိုသည့် စကားရပ်များ ပါဝင်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ဖြင့် မေ ၂၈ရက်တွင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့မှုကို တရားရုံးမှ လက်ခံကာ ဖမ်းဝရမ်း ထုတ်ပေးခဲ့ပြီး ဇွန် ၄ ရက်ကို ဖမ်းဝရမ်း နောက်ဆုံး ရက်အဖြစ် သတ်မှတ်ထားသည်။
ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57747