ဒါကာ၊ မေ ၁၈ ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင် ရာပေါင်းများစွာဟာ တရုတ်အစိုးရရဲ့ ဝီဂါမွတ်စလင်တွေကို ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မြို့တော်ဒါကာမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။
တရုတ် အနောက်စွန်း ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်လူနည်းစုတွေကို တရုတ်အစိုးရဟာ ကြီးမားတဲ့ ချုပ်နှောင်မှုမျိုးနဲ့ ပြုမှုဆက်ဆံနေတယ်လို့ စွပ်စွဲမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ ဆိုပြီး ဝီဂါမွတ်စလင် တစ်သန်းခန့်ကို စခန်းသွင်း ထိန်းသိမ်းတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ််ပါတယ်။
ကုလသမဂ္ဂက ခုလို တရုတ်အပြုအမူကို ဆန့်ကျင်ပြီး ဝီဂါလူနည်းစုတွေကို လွတ်လပ်စွာ ထားရှိဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
ရှင်ကျန်းပြည်နယ်ဟာ အစ္စလာမ္မစ်စစ်သွေးကြွတွေနဲ့ ခွဲထွက်ရေးသမားတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရကြောင်း တရုတ်က ပြောထားပြီး ခုလို ဝီဂါမွတ်စလင်တွေကို စခန်းသွင်း ထိန်းသိမ်းထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆန်ထားပါတယ်။