မက်စ် အယ်လီဂရီဟာ လာမယ့်ရာသီမှာ စီးရီးအေအင်အားကြီး ဂျူဗင်တပ်စ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်တော့မှာ မဟုတ်ဘူးလို့ ကလပ်အသင်းက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ပေါင် (၉၉.၂) သန်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်စ်ဟာ ဒီရာသီ ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာဖလားပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ်အဆင့်အထိသာ တက်ရောက်ခဲ့ပါတယ်။
"အယ်လီဂရီဟာ ၂၀၁၉-၂၀၂၀ ရာသီအတွက် ဂျူဗင်တပ်စ်ရဲ့ နည်းပြခုံတန်းလျားမှာ ဆက်ရှိနေတော့မှာ မဟုတ်ဘူး။"လို့ ကလပ်အသင်းက ကြေညာချက်ထဲမှာ ပြောပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေအမှတ်ပေးချန်ပီယံကို (၈)ဆက်တိုက် ရယူခဲ့ပြီးဖြစ်ပြီး ၂၀၁၄ မှာ ကွန်တီရဲ့ နေရာအစားထိုးဝင်လာတဲ့ အယ်လီဂရီအတွက် (၅) ကြိမ်မြောက်ချန်ပီယံဆုလည်းဖြစ်ပါတယ်။
အယ်လီဂရီရဲ့ နောက်ဆုံးကိုင်တွယ်မယ့် ပွဲစဉ်ဟာ မေလ ၂၆ ရက်နေ့ ဆမ်ဒိုရီးယားအသင်းနဲ့ပွဲဖြစ်ပါတယ်။
(AFP)