ဆိုချီ၊ မေ ၁၅ ။ ။ အရှေ့အလယ်ပိုင်းဆီ နျူကလီးယားတင်ဆောင်စွမ်းတဲ့ ဗုံးကြဲလေယာဉ််တွေကို ပင်တဂွန်က စေလွှတ်ထားပြီး အီရန်နဲ့ တင်းမာမှုတွေ ဖြစ်တည်နေပါတယ်။
ဒါပေမယ့် အမေရိကန်ဟာ အီရန်နဲ့ စစ်ဖြစ်ဖို့ လုပ်ဆောင်နေခြင်း မရှိဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက မေ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
ပွန်ပီယိုအနေနဲ့ အီရန်ရဲ့ အဓိကကျောထောက််နောက််ခံ ရုရှားနိုင်ငံဆီ ပထမဆုံး တရားဝင်ခရီးစဉ် ရောက်ရှိချိန်မှာ မှတ်ချက်ပြုပြောဆိုတာပါ။
အီရန်နျူကလီးယားသဘောတူညီမှုကနေ အမေရိကန်က နုတ်ထွက်လိုက်တာကြောင့် ခုလို တင်းမာမှုတွေ ဖြစ်တည််နေတာလို့ ရုရှားနိုင်ငံက အမေရိကန်ကို အပြစ်ဆိုထားတာလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာ အီရန်နဲ့ စစ်ဖြစ်ဖို့ လုံးဝကြိုးစားခြင်း မရှိဘူး။”လို့ ဆိုချီမြို့မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် ပွန်ပီယိုက “ကျွန်တော်တို့အနေနဲ့ အီရန်ကို ရှင်းရှင်းလင်းလင်း ပြောထားမယ်။ အမေရိကန် အကျိုးစီးပွားကို တိုက်ခိုက်လာမယ်ဆို ထိထိရောက်ရောက် တုံ့ပြန်သွားမယ်ဆိုတာ ပြောထားမယ်။”လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ တိုက်ခိုက်လာမယ့် ခြိမ်းခြောက်မှု အရိပ်အယောင်တွေ ရှိနေတယ်ဆိုပြီး ပါရှန်းပင်လယ်မှာ လေတင်သင်္ဘောရယ်၊ ဗုံးကြဲလေယာဉ်တွေကို တပ်ဖြန့်ထားပါတယ်။