အင်တာမီလန်ကို ဂျူဗင်တပ်စ်အသင်း သရေကျတဲ့ စီးရီးအေပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ကစားသမားဘဝ ကလပ်အသင်း သွင်းဂိုး (၆၀၀) ပြည့်မြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။
(၁) ဂိုးစီသရေကျခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ရော်နယ်လ်ဒိုဟာ ဒုတိယပိုင်း ၆၂ မိနစ်မှာ ကွင်းလယ်လူ ယာနစ်နဲ့ အပြန်အလှန် ဘောလုံးအပေးအယူလုပ်ပြီး ဧရိယာအတွင်း ဆွဲဝင်ကာ အနိမ့်ကန်ချက်ဖြင့် သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီဂိုးကြောင့် အိမ်ရှင်းအသင်းအတွက် ပွဲအစမှာ သွင်းယူခဲ့တဲ့ နိုင်ဂိုလန်ရဲ့ ဦးဆောင်ဂိုးကို ဂျူဗင်တပ်စ်တို့ ပြန်လည်ချေပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ကလပ်ကစားသမားဘဝတစ်လျှောက် စပို့တင်း လစ္စဘွန်းအတွက် (၅)ဂိုး၊ မန်ယူမှာ (၁၁၈)ဂိုးနဲ့ ရီးယဲလ်အတွက် ဂိုး (၄၅၀) သွင်းယူခဲ့ပြီးနောက် အခုချိန်မှာတော့ ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ (၂၇) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ စုစုပေါင်း ကလပ်သွင်းဂိုး (၆၀၀) ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
သူ့ရဲ့ ကလပ်သွင်းဂိုး (၆၀၀)ပြည့်မြောက်တဲ့ နေ့မှာပဲအလားတူ မက်ဆီက လီဗန်တေးနဲ့ပွဲစဉ်မှာ ဘာစီလိုနာအတွက် သူ့ရဲ့ (၅၉၈)ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။
Ref; BBC