ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိဆိုတဲ့ စံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
လုခ်ရှောရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် နှစ်သင်းကြး ရလဒ်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါ့ကြောင့် ဒုတိယအကျော့ကို နူးကမ့်မှာ ကစားရမယ့် ဘာစီလိုနာအတွက် အခွင့်အရေကောင်းလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်နေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ စုစုပေါင်း ၉ ပွဲကစားထားပြီး နိုင်ပွဲ ၆ ပွဲနဲ့ သရေ ၃ ပွဲ ရလဒ် ပိုင်ဆိုင်ထားတာကြောင့် အကောင်းဆုံးခြေစွမ်းပြနေတဲ့ အသင်းဖြစ်ပါတယ်။
နောက်ထပ် အံ့သြစရာ အချက်အလက်ကတော့ အေဂျက်စ်အသင်းဖြစ်ပြီး ၂၀၁၈-၁၉ ချန်ပီယံလိဂ်မှာ ၉ ပွဲမှာ ၁ ပွဲသာ ရှုံးဆိုတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထား နောက်ထပ်တစ်သင်းအဖြစ်ရှိနေပါတယ်။
Ref; Marca