ရန်ကုန်၊ မတ်လ ၃၀ ။ ။ ၂၅ကြိမ်မြောက် အရှေ့တောင်အာရှ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်အထိရောက်အောင် ရည်မှန်းထားကြောင်း မြန်မာ့လက်ရွေးစင် စားပွဲတင်တင်းနစ် နည်းပြချုပ် ဦးအောင်ဝင်း ကပြောသည်။
ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် 25 th South East Asian Junior & Cadet Table Tennis Champions 2019 ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်လက်ရွေးစင်ကစားသမား ၁၄ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟုသိရသည်။
၂၅ ကြိမ်မြောက်အရှေ့တောင်အာရှ စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံ ၊ဘန်ကောက်မြို့တွင် လာမည့် ဇွန် လ ၄ ရက်နေ ့မှ ၉ ရက်နေ ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ လူငယ်ကစား သမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
“ ဆုကတော့ ရည်မှန်းပါတယ်။ လူငယ်တွေပြိုင်ကြမှာဆိုတော့ ဖိုင်နယ်အဆင့်ထိ ဝင်အောင်ရည်မှန်း ထားပါတယ်။ ဝင်ပြိုင်ကြတာ အင်အားကြီး ထိုင်းနိုင်ငံနဲ့စင်ကာပူနိုင်ငံတွေ ပါတော့ သူတို့က ကမ္ဘာ့အဆင့် တောင် ဖြစ်နေတော့ ကျော်ဖို့က ခက်ပါတယ်။ ပြိုင်ပွဲကိုတော့ ၁၈ နှစ်အောက် ယောကျင်္ားလေး ၃ ယောက် မိန်းကလေး ၃ ယောက်ပေါ့။ ၁၅ နှစ်အောက်ဆို ၂ ယောက်စီ ဝင်ပြိုင်မှာပါ” ပာု မြန်မာ့လက်ရွေးစင် စားပွဲတင် တင်းနစ်နည်းပြချုပ် ဦးအောင်ဝင်း က ပြောသည်။
မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်မှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ကစားသမားများ ရွေးချယ်ခြင်း ကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ပြုလုပ်ခဲ့ပြီး အားကာသိပ္ပံ နှင့် မြို့ကြီးအချို့မှ ကစားသမားများ ဝင်ရောက် အရွေးချယ်ခံခဲ့ကြသည်။
“ ရွေးချယ်ထားတဲ့ ကစားသမား ၁၄ ဦးကို အားရကျေနပ်ပါတယ်။ ကျွန်တော်တို့က အမှန်အကန် ကစားသမား တွေကို ယှဉ်ပြိုင်စေပြီးတော့ ရွေးချယ်ထားဆိုတော့ လက်ရည်အမှန်ထွက်လာတာပေါ့။စခန်းသွင်းလေ့ကျင့် မယ့်အချိန်ကတော့ သင်္ကြန်အပြီးလောက်မှ စပြီး စခန်းသွင်း လေ့ကျင့်သွားမှာပါ” ပာု ဦးအောင်ဝင်း က ထပ်ပြောသည်။
အပြီးသတ်ရွေးချယ်ထားသည့် ကစားသမားများမှ Cadet boys ပြိုင်ပွဲတွင် အောင်မြင့်မြတ်၊ သက်ထက်တန်၊ ပိုင်သူထွန်း ၊ Cadet Girls ပြိုင်ပွဲတွင် စန္ဒာအောင်၊မြသိင်္ဂါရီခင် ၊ ရတနာစိုး၊Junior Boys ပြိုင်ပွဲတွင် စိုင်းမင်းဦး ၊သန်းထွန်းဦး၊စွမ်းပြည့်ထွန်း၊ကျော်ခန့်နိုင်၊ Junior Girls ပြိုင်ပွဲတွင် ဝတ်ရည်အောင်၊ပန်းမြတ်သရဖီကျော်၊ ဇင်ဇင်မြင့်၊ယွန်းလဲ့ဖြိုး တို့ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။