ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မှာ အက်သလက်တီကိုဘက်ကို ဂိုးသွင်းအပြီး အောင်ပွဲခံရာမှာ မသင့်လျော်တဲ့ အပြုအမှုအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ဒဏ်ကြေး ယူရို ၂၀,၀၀၀ (ပေါင် ၁၇,၇၀၀) ပေးဆောင်ရန် ကစားသမားကို ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ဒါပေမယ့် စီရော်နယ်လ်ဒိုဟာ ပွဲပယ်ကင်းလွတ်ခွင့် ရသွားတာကြောင့် အေဂျက်စ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှစ်ကျော့စလုံးကို ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဒီကိစ္စကို ယူအီးအက်ဖ်အေက စွဲချက်တင်ခံရတာဖြစ်ပြီး မတ်လ ၂၁ ရက်နေ့က ကိုင်တွယ်ဖြေရှင်းခဲ့တာပဲဖြစ်ပါတယ်။
အက်သလက်တီကိုအသင်းက ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တဲ့ ပထမအကျော့မှာ နည်းပြ ဆီမြွန်နီက ပရိသတ်တွေဘက်လှည့်ပြီး “conjones celebration”လို့ ခေါ်တဲ့ ပေါင်နှစ်ဖက်ကားပြီး ရိုင်းစိုင်းတဲ့ အပြုအမှုနဲ့ အောင်ပွဲခံခဲ့တာကို စီရော်နယ်လ်ဒိုက အီတလီမြေမှာ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်က ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ ဒုတိယအကျော့မှာ ဟက်ထရစ်ဂိုး သွင်းအပြီး မလျော်ကန်တဲ့ အပြုအမှုမျိုးနဲ့ အောင်ပွဲခံခဲ့တာပါ။
နည်းပြ ဆီမြွန်နီဟာ သူ့ရဲ့ အောင်ပွဲခံမှုအတွက် စီရော်နယ်လ်ဒိုနည်းတူ ဒဏ်ကြေး ယူရို ၂၀,၀၀၀ (ပေါင် ၁၇,၇၀၀) ပေးဆောင်ရပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အေဂျက်အသင်းနဲ့ တွေ့ဆုံနေပါတယ်။
Ref; BBC