မတ်လ ၁၆ ။ ။ မြန်မာ ကနူး၊ကယက် လှေလှော်အသင်းအနေဖြင့် အိန္ဒိယနိုင်ငံ ကအိမ်ရှင်အဖြစ်ကျင်းပမည့် နိုင်ငံတကာ ကနူး ပြိုင်ပွဲ The International Canoe Sprint Competition In Bhopal တွင် ကစားသမား နှစ်ဦးဖြင့်ဝ င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၏ လူမူကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြ ထားသည်။
အိန္ဒိယနိုင်ငံ ဘိုပယ်လ်မြို့တွင် ပြုလုပ်မည့် ကနူး လှေလှော်ပြိုင်ပွဲကို မတ်လ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မြန်မာကနူး၊ကယက် အသင်းမှ အုပ်ချုပ်သူ နည်းပြအဖြစ် ဦးသူရဟန်၊ ကနူး လှေ လှော်ကစားသမား မျိုးလှိုင်ဝင်းနှင့် ကယက်လှေကစားမယ် ခိုင်ခိုင်ထွန်းထွေးတို့က ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ကနူးလှေ ကစားသမားမျိုးလှိုင်ဝင်းသည် ကနူးလှေ တစ်ယောက်လှော်ပြိုင်ပွဲ၏ မီတာ ၂၀၀၊ မီတာ ၅၀၀ နှင့် မီတာ ၁၀၀၀ စသည့် ပွဲစဉ်သုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကယက်လှေကစားသမား ခိုင်ခိုင်ထွန်းထွေး သည် ကယက်လှေ တစ်ယောက်လှော်ပြိုင်ပွဲ၏ မီတာ ၂၀၀ နှင့် မီတာ ၅၀၀ ပွဲစဉ်တို့တွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ယခုဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲသည် အလွတ်တန်းပြိုင်ပွဲဖြစ်ပြီး အာရှနှင့်ဥရောပနိုင်ငံ (၁၀)ခုက ပါဝင်မည်ဖြစ်ကြောင်းသိရသည်။