ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ။ ။ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခြင်ဆေးဘူး အပူလွန်ကဲရာမှ လိုက်ထရက်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၁ဝနာရီဝန်းကျင်အချိန်တွင် တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၃၈/၀-၁)ကြား၌ နေပြည်တော်မှ မန္တလေးသို့ အသက် (၄၅)နှစ် အရွယ် စိုင်းကျော်ခေါင် မောင်းနှင် လာသော လိုက်ထရက်ယာဉ်၏ရှေ့ခန်းနှင့် ဘော်ဒီကြားတွင် ထားရှိသည့် Jumbo ခြင်ဆေးရည်ဘူးမှာ အပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်မှုကြောင့် ယာဉ်နောက်ခန်းရှိ မိုးကာစနှင့် ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် Photo Paper ၆ ထုပ်၊ Printer ဆေးရည်ဗူး ၁၁ ဖာ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရပြီး ယာဉ်မောင်း စိုင်းကျော်ခေါင်အား စကားအင်းအမြန် လမ်းမကြီး ရဲစခန်းမှ (ပ)၂၂၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးလောင်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။