သီယာရီ အွန်နရီဟာ မိုနာကိုအသင်းအတွက် ပွဲ ၂၀ ကိုင်တွယ်ပြီးနောက်မှာတော့ ကလပ်အသင်းက ပြင်သစ်သားနည်းပြကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ပြင်သစ်လီဂူ ၁ မှာ ရုန်းကန်နေရတဲ့ မိုနာကိုအသင်းဟာ အွန်နရီကို ရာထူးကနေ ရပ်ဆိုင်းလိုက်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တာပါ။
အသက် ၄၁ နှစ် အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ၂၀၁၈ အောက်တိုဘာက နည်းပြ ဂျာဒင်ရဲ့ နေရာကို နည်းပြအဖြစ် အစားထိုးဝင်လာသူဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ မိုနာကိုအသင်းဟာ အွန်နရီရဲ့ ရာထူးနေရာကို အစားထိုးဖို့ ယခင်နည်းပြဟောင်း ဂျာဒင်နဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
မိုနာကိုအသင်းဟာ အွန်နရီလက်ထက် ပြိုင်ပွဲအရပ်ရပ်မှာ ၅ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၂၀၁၇ လီဂူ ၁ ချန်ပီယံဟာ တန်းဆင်းဇုန်အတွင်း ကျရောက်နေပါတယ်။
ဒီဇင်ဘာ ၂၀ က အွန်နရီရဲ့ လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ဖရန့်ပါဆီက သောကြာနေ့မှာ အသင်း လေ့ကျင့်ခန်းအစီအစဉ်ကို ကြီးကြပ်မှာဖြစ်တယ်လို့ ကလပ်အသင်းက ပြောပါတယ်။
ပါဆီဟာ ယာယီနည်းပြအဖြစ် မာဆေးလ်နဲ့ လိုင်လီအသင်းတို့ကို ကိုင်တွယ်ဖူးသူဖြစ်ပါတယ်။
မိုနာကိုအသင်းမှာ အွန်နရီရဲ့ နည်းပြစွမ်းဆောင်ရည် -
လိဂ်ပွဲ ၁၇ ပွဲ
နိုင်ပွဲ ၄ ပွဲ၊ သရေ ၄ ပွဲ၊ ရှုံး ၉ ပွဲ
သွင်းဂိုး ၁၉ ဂိုး၊ ပေးဂိုး ၃၃ ဂိုး၊ ပေးဂိုးမရှိ ၄ ပွဲ
အမှတ်ပေးဇယားရပ်တည်မှု - အဆင့် ၁၉ (တန်းဆင်းဇုန်)
လိဂ် နိုင်ပွဲ - ၂ ပွဲ
အိမ်ကွင်း လိဂ်ပွဲစဉ်နိုင်ပွဲ - မရှိ
Ref; BBC