ဇန်နဝါရီ ၁၅ ။ ။ ဖုန်းဖြင့်ပင် ရိုက်ကူး ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး ရိုက်ကူးထားသော ၀ါသနာရှင်လက်ရာ ပုံရိပ်များကို ဖော်ပြ ရန် ရည်ရွယ်ပြီး My Beautiful Rakhine Photo Contest ကို ကျင်းပပြုလုပ်နေကြောင်း သိရသည်။
ဒီဇင်ဘာ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ပြိုင်ပွဲဝင်နိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရိုက်ကူးထား သော အလှပုံရိပ်များကို ဖုန်းဖြင့် ဖြစ်စေ ရိုက်ကူးထားသော ပုံများကို ဖေ့ဘွတ်ခ် လူမှုကွန်ရက်တွင်တင်ကာ ပါဝင်ယှဉ်ပြိုင်နိုင်သည်။
ရခိုင်ပြည်နယ်၏ လူသိများသော Landmark များ၊ ရှုခင်းများ၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ လူနေမှုများ၊ ရခိုင် ပြည်နယ်တွင် တွေ့မြင်ရနိုင်သော အရာများကို အဓိကထား ရိုက်ကူးကာ #mybeautifulrakhine #mpsrakhine ဟု ပုံစာ၊ ပုံတည်နေရာထည့်၍ ဖေ့ဘွတ်ခ်တွင် ပက်ဘလစ်နှင့် တင်ပေးရမည် ဖြစ်သည်။
မြန်မာနိုင်ငံဓာတ်ပုံအသင်းကြီးနှင့် Mango Media တို့မှကြီးမှူးကျင်းပသည့် ယင်းဓာတ်ပုံပြိုင်ပွဲတွင် လိုက်နာရန် စည်းမျဉ်းစည်းကမ်းများကို ဖေ့ဘွတ်ခ်ရှိ “My Beautiful Rakhine” ပေ့ချ်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်ပုံရိပ်များကို Negative များဖြင့် နိုင်ငံတကာတွင် ဖော်ပြနေမှုများကို လျော့ကျစေရန်၊ ပြည်နယ်၏ အလှ၊ သဘာဝနှင့် ယဉ်ကျေးမှုများကို ကမ္ဘာကြီးကို ပြသရန် ရည်ရွယ်ပြီး ပြုလုပ်ကြောင်း ယင်းပွဲကို စီစဉ်သူ Mango Media Group မှ သိရသည်။
ပြိုင်ပွဲဆုကြေးများမှာ ပထမဆု ၁၀ သိန်း ၊ ဒုတိယဆု ၅ သိန်း၊ တတိယဆု ၂ သိန်းခွဲ (၂) ဆု၊ နှစ်သိမ့်ဆု ၁၀ ဆု တစ်ဆုလျှင် ကျပ် ၁သိန်း စီ ချီးမြှင့်မည် ဖြစ်သည်။