မှောင်ခိုတင်ပို့မယ့် အဆိပ်ပြင်းဖား ရာပေါင်းများစွာ ကိုလံဘီယာလေဆိပ်မှာ ဖမ်းဆီးရမိ

မှောင်ခိုတင်ပို့မယ့် အဆိပ်ပြင်းဖား ရာပေါင်းများစွာ ကိုလံဘီယာလေဆိပ်မှာ ဖမ်းဆီးရမိ

ဘိုဂိုတာ၊ နိုဝင်ဘာ ၈ ။            ။ ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာက ရဲတပ်ဖွဲ့ဟာ လေဆိပ်ရဲ့ သန့််စင်ခန်းတစ်ခုမှာ အဆိပ်ပြင်းဖားလေးတွေ ၂၁၆ ကောင်ကို ဖမ်းဆီးရမိလိုက်ပါတယ်။

ဒီဖားငယ်လေးတွေကို မှောင်ခိုတင်ပို့သူတွေက ဂျာမနီမှာ ရောင်းချဖို့့အတွက် မှောင်ခိုကူးတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဖားလေးတွေကို ဓာတ်ပုံဖလင်ဘူးလေးတွေမှာ ထည့်ပြီး ခရီးဆောင်အိတ်ထဲ အင်္ကျီတွေကြား ထားဝှက်ထားတာကို ရှာဖွေတွေ့ရှိတာဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာပါတယ်။

ဒီဖားငယ်လေးတွေမှာ အန္တရာယ််ပေးနိုင်တဲ့ လိမ္မော်ရင့်ရောင်နဲ့ အနက်ရောင်စပ်ကြား အဆိပ်ပြင်းဖားငယ်လေးတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

ဒီဖားငယ်တွေဟာ တရားမဝင် တောရိုင််းတိရစ္ဆာန်စျေးကွက်မှာ တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၂၀၀၀ အထိ စျေးခေါ်နိုင်ပါတယ်။ ဒီဖားတွေရဲ့ အဆိပ်ကို ရယူချင်ကြသူတွေအတွက် ခုလို မှောင်ခိုစျေးကွက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီလို ဖားငယ်မျိုးတွေဟာလည်း ကိုလံဘီယာနိုင်ငံ ပစိဖိတတ်ကမ်းရိုးတန်းအနီးက ချိုကိုအရပ်မှာ တွေ့ရလေ့ ရှိတဲ့ ဖားငယ်မျိုးပဲ ဖြစ်ပါတယ်။

လေဆိပ်တစ်ခုရဲ့ သန့်စင်ခန်းမှာ တွေ့တာဖြစ်ပေမယ့် ဒီဖားတွေကို ကုန်းလမ်းကနေ တင်ပို့ဖို့ဖြစ်တယ်လို့ အာဏာပိုင်တွေက ယူဆထားပေမယ့် လက်သည်ဖြစ်သူကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required