နိုဝင်ဘာ ၇ ။ ။ ပြင်သစ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မာဆေးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က အဆောက်အအုံံ နှစ်လုံး ပြိုကျပြီး လူ ရှစ်ဦးအထိ သေဆုံးသွားဖွယ်ရှိခဲ့တဲ့ ဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် မြို့ခံ ပြည်သူတွေ ထိတ်လန့် အမျက်ဒေါသထွက်လျက် ရှိပါတယ်။
အဆိုပါ လူသေဆုံးစေတဲ့အထိ ဆိုးရွားခဲ့တဲ့ အဆောက်အဦးတွေ ပြိုကျမှု ဖြစ်စဉ် နောက်ပိုင်း မာဆေးမြို့တွင်းက အဆောက်အဦး အားလုံးကို လူနေထိုင်ရန် သင့်မသင့် ပြန်လည် စစ်ဆေးသွားတော့မယ်ဆိုပြီး ပြင်သစ်အာဏာပိုင်တွေက နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၅ ရက်က အဆိုပါ ဆိပ်ကမ်းမြို့လယ်က အလုပ်သမားလူတန်းစားနေ ရပ်ကွက်တစ်ခုဖြစ်တဲ့ နိုးလက်စ် မှာ ရုတ်တရက် အဆောက်အအုံ ပြိုကျမှုတွေ ဖြစ်ပြီးနောက် နိုဝင်ဘာ ၆ ရက်မှာတော့ အုတ်ပုံအပျက်အစီးတွေ အောက်ကနေ ရုပ်အလောင်း လေးလောင်းအထိ ပြန်လည် ဖော်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
ရုပ်အလောင်းတွေကတော့ အမျိုးသား ရုပ်အလောင်း နှစ်လောင်း၊ အမျိုးသမီး ရုပ်အလောင်း နှစ်လောင်းတို့ ဖြစ်ကြောင်း အစိုးရရှေ့နေ ဇာဗီးယား
တာရာဘောင့်ဇ် က အေအက်ဖ်ပီကို ပြောပါတယ်။
အဆိုပါ အဆောက်အအုံတစ်လုံး ပြိုကျမှု ဖြစ်ချိန်က မိသားဝင်စု ငါးဦးနဲ့ ဧည့်သည် သုံးဦးတို့ ရှိနေခဲ့ဖို့ များကြောင်း ၎င်းက ဆိုလိုက်ပြီး နောက်ထပ် ရုပ်အလောင်းတွေကိုတော့ ဖော်ယူတွေ့ရှိခြင်း မရှိသေးဘူးလို့လည်း ပြောပါတယ်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီး ခရစ်စတိုဖာ ကက်စ်တာနာ ကတော့ ယင်းမြို့တွင်းက အဆောက်အအုံ အားလုံးကို တစ်လုံးချင်းစီ လိုက်လံ စစ်ဆေးသွားဖို့ သက်ဆိုင်ရာ
အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့လည်း ပြောသွားပါတယ်။
လက်ရှိအခြေအနေအရ မြို့တွင်းက အဆောက်အအုံပေါင်း ၆,၀၀၀ လောက်ဟာ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။