ရန်ကုန်၊ မေလ ၁ဝ ။ ။ မော်ဒယ်စူးရှထက်အား အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးထားသော အဆိုတော်အစ္စဏီအား တာမွေမြို့နယ်တရားရုံးမှ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုလိုက်သည်။
အဆိုတော် အစ္စဏီကို တရားရုံးအမှတ် ၄၂၂/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ (မုဒိမ်းမှုအတွက်ပုဒ်မ)/၃၂၃(မိမိအလိုအလျောက် နာကျင်စေမှုအတွက် ပုဒ်မ)/၃၂၄( ဘေးဖြစ်သောလက်နက်ဖြင့် သို့မဟုတ် မိမိအလိုအလျောက်နာကျင်စေမှုပုဒ်မ)တို့် ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အဆိုတော်အစ္စဏီအား ဖမ်းဆီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ ့တွင် ပထမအကြိမ်ရမန်၊ ဧပြီလ ၂၆ ရက်နေ ့့တွင် ဒုတိယအကြိမ်ရမန်ယူခဲ့ပြီး ယနေ ့မေလ ၁ဝ ရက်နေ ့တွင် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်။
ယင်းအမှုနှင့်ပတ်သက်ပြီး စစ်ဆေးရန်အတွက် တရားလိုပြသက်သေ ၁၁ ဦးတင်သွားထားပြီး တာမွေမြို့နယ်တရားသူကြီးက လာမည့် မေလ ၂၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်သည်။ အဆိုပါရုံးချိန်းတွင် တရားလိုဖြစ်သည့် မော်ဒယ်စူးရှထက်(ခ) ဇာခြည်ဌေး အားစတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုတော် အစ္စဏီအား အဓမ္မပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၂၅/ ၃၂၄ ပုဒ်မသုံးခုဖြင့် မော်ဒယ်စူးရှထက် ကိုယ်တိုင် တရားလိုပြုလုပ်ပြီး တာမွေရဲစခန်းတွင် ဧပြီလ ၁၂ ရက်နေ့ က အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဧပြီ ၁၂ရက်နေ့က မော်ဒယ်စူးရှထက်၏ နေအိမ်တိုက်ခန်းတွင် ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်ကို တစ်ကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခ လယ်၊ လက်သူကြွယ်တို့နှင့် လက်သည်းခွံများအား လှန်ချိုးခဲ့သဖြင့် နာကျင်ပြီး သတိမေ့နေစဉ် ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။