ရီးယဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ သူ့ရဲ့ အသင်းဖော်ဟောင်း လက်ရှိ ပီအက်စ်ဂျီကစားသမား အိန်ဂျယ် ဒီမာရီယာဟာ ဒဏ်ရာရရှိခဲ့တဲ့ နေမာ နေရာမှာ ကစားဖို့ ပြီးပြည့်စုံတဲ့ အစားထိုးမှုဖြစ်လိမ့်မယ်လို့ တနင်္လာနေ့က ပြောဆိုခဲ့ပါတယ်။
ညာဘက် ခြေထောက်ရှိ ပဉ္စမမြောက် အရိုးကျိုးခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ နေမာကိုလည်း ရာမို့စ်က ချီးကျူးမှုပြလုပ်ခဲ့ပါတယ်။
“နေမာက ကွဲပြားခြားနားတဲ့ ကစားသမား တစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အဆင့်ကစားသမားလည်းဖြစ်တယ်။ သူ့ကို ကျနော်တို့ ပြီးခဲ့တဲ့နှစ်အနည်းငယ်က ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူ့ရဲ့နေရာကို ဘယ်သူနဲ့အစားထိုးမယ်ဆိုတာ ကျနော် အသိအကျသိတယ်။ ဒီမာရီယာဆိုတာ ကြီးကျယ်တဲ့ နောက်ထပ်ကစားသမား တစ်ဦးပါ။”လို့ ရာမို့စ်က ပဲရစ်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီမာရီယာက ခံစစ်ကိုလည်း ကူညီပါလိမ့်မယ်။ သူက ပွဲတိုင်း ကစားနေကျ ပြီးပြည့်စုံတဲ့ အဓိကနေရာကနေ ကစားနိုင်ပါတယ်။”လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရာမို့စ်က ပထမအကျော့ ၃-၁ ဂိုးနဲ့ ပီအက်စ်ဂျီကို နိုင်တဲ့ပွဲမှာ အသင်းအတွက် ခြေစွမ်းပြကူညီခဲ့တဲ့ အသင်းဖော် မာဆယ်လိုရဲ့ ကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာမှုက အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။
Ref; EFE-EPA