ဖေဖော်ဝါရီ ၂၄၊ မက်ဒရစ်။ ။ ဂါရတ်ဘေးလ်သည် ရီးယဲလ်မက်ဒရစ်အသင်းအတွက် အမြဲအရေးပါသည့်ကစားသမားဖြစ်သည်ဟု နောက်ဆုံးလေးပွဲတွင် သုံးပွဲ အရန်ခုံထိုင်ခိုင်းထားသည့် နည်းပြဇီဒန်းကပြောသည်။
ဘေးလ်သည် လီဂါနက်ကို ၃-၁ ဂိုးဖြင့်အနိုင်ရသည့်လာလီဂါပွဲတွင်လည်းဆက်လက်ချန်လှပ်ခံခဲ့ရပြီး ပွဲပြီးခါနီး ၁၄ မိနစ်အလိုတွင်မှဝင်ရောက်ကစားခွင့်ရခဲ့သည်။
ယင်းပွဲအပြီးတွင် ဘေးလ်အနေဖြင့် ဘာနေဗျူးတွင်ယုံကြည်ခံရခြင်းမရှိတော့ဘဲ နွေရာသီတွင်ရောင်းချခံရဖွယ်ရှိနေသည်ဟု စပိန်တွင်သတင်းများထွက်နေသည်။
သို့သော် ဇီဒန်းက “သူကအသင်းအတွက် အမြဲတမ်းအရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ရှိနေပါတယ်။ ကစားသမား တစ်ယောက်က အခွင့်အရေးတွေဆုံးရှုံးနေတာလား။ ကျွန်တော်က တစ်ယောက်ချင်း နှစ်ယောက်ချင်းထက် ကစားသမား အားလုံးကိုပိုပြီး စိတ်ဝင်စားပါတယ်။
တချို့ကစားသမားတွေကိုတော့ ခင်ဗျားတို့ကစိတ်မဝင်စားကြဘူးထင်ပါတယ်။ သူတို့က လေ့ကျင့်ရေးကွင်းမှာနေ့တိုင်းအမြဲတမ်း ကြိုးစားနေကြတယ်။ ကျွန်တော်အဲဒီလိုကစားသမားတွေကို စိတ်ဝင်စားပါတယ်။
ဘေးလ်ကိုလည်းသူတို့နဲ့တန်းတူသဘောထားပါတယ်။ အရေးကြီးတာကတော့ သူတို့ကောင်းကောင်းလေ့ကျင့်ပြီးအာရုံစိုက်ထား ပါတယ်။ သူ့ကိုရာနှုန်းပြည့်ပြန်ရစေချင်ပြီး မဆုံးရှုံးချင်ပါဘူး”ဟု ပြောသည်။
ဘေးလ်သည် ဆောင်းဦးရာသီတွင် ခြေသလုံးကြွက်သားဒဏ်ရာကြောင့် နှစ်လခန့်အနားယူခဲ့ရသည်။
Ref; Mirror