ဖေဖော်ဝါရီ ၁၅၊ တူရင် ။ ။ အီတလီစီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းသည် ဝီလ်ရှီးယားကိုခေါ်ယူရန်စိတ်ဝင်စားနေပြီး စုံစမ်းမှုပြုလုပ်ခဲ့သည်။ ဝီလ်ရှီးယားသည် တစ်ပတ်ပေါင် ၁ သိန်းဝန်းကျင်ရနေသည့် လက်ရှိစာချုပ်ကုန်မည့် လာမည့်နွေရာသီတွင် အာဆင်နယ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်မည်ဖြစ်သည်။
အာဆင်နယ်အသင်းကမူ အသက် ၂၆ နှစ်အရွယ်ကွင်းလယ်ကစားသမားအနေဖြင့် တစ်ပတ်ပေါင် ၈၀, ၀၀၀ တန်စာချုပ်သစ်ကို လက်မှတ်ထိုးလိမ့်မည်ဟု ယုံကြည်နေသည်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဝီလ်ရှီးယားသည် ပြီးခဲ့သည့်နှစ်များအတွင်းဒဏ်ရာများဖြင့်ရုန်းကန်ခဲ့ရသည်။ သို့သော်လက်ရှိ ရာသီတွင် ပြိုင်ပွဲစုံ ၁၈ ပွဲကိုပွဲထွက်ကစားထားပြီး ခုနစ်ပွဲလူစားဝင်ကစားနိုင်ခဲ့ရာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းတွင်လည်း ပါဝင်နေသည်။
လက်ရှိရာသီတွင် အာဆင်နယ်အတွက် ပရီးမီးယားလိဂ်တစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးပေးထားကာ မန်စီးတီးနှင့်ကစားရမည့် ကာရာဘောင်ဖလားဗိုလ်လုပွဲသို့လည်း ရောက်ရှိနေသည်။
Ref; Daily Mail