နာမည်ကျော်ရုပ်သံဇာတ်လမ်းတွဲဖြစ်သော Game of Thrones ၏ ဖန်တီးရှင်များသည် ယခုအခါတွင် Star Wars ရုပ်ရှင်ဇာတ်ကားများကို ဖန်တီးခွင့်ရရှိလာပြီဖြစ်သည်။
ဒေးဗစ်ဘန်နီအော့ဖ်နှင့် ဒီဘီဝိဇ်တို့သည် လာမည့် ၂၀၁၉ ခုနှစ်တွင် ပြီးဆုံးမည့် Game of Thrones စီးရီးပြီး နောက်တွင် တဖြည်းဖြည်းနှင့်ချဲ့ထွင်လာသာ Star Wars ရုပ်ရှင်ပရောဂျက်များကို ကိုင်တွယ်သွားမည်ဟု Lucasfilm ရုပ်ရှင်ကုမ္ပဏီက ကြေညာခဲ့သည်။ ယင်းပရောဂျက်နှင့်ပက်သက်၍ အချက်အလက်အနည်းငယ်ခန့် သာ သိရှိရသေးသည်။
သို့သော်လည်း ယင်း Star Wars ရုပ်ရှင်ပရောဂျက်အသစ်သည် လက်ရှိပြသနေသည့် ရုပ်ရှင်စီးရီးများနှင့် ဇာတ်လမ်းကွဲအရ ကွဲထွက်မည်ဟုသိရပြီး ၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့သည့် The Last Jedi ၏ဒါရိုက်တာဖြစ်သူ ရီယန်ဂျွန်ဆန်စီစဉ်ထားသော Star Wars သုံးကားတွဲဇာတ်ကားများနှင့်လည်း ကွဲပြားမည်ဟု သိရသည်။
“လွန်ခဲ့တဲ့ ၁၉၇၇ ခုနှစ် နွေရာသီကနေစတင်ပြီး ကျနော်တို့ဟာ ဟိုးအဝေးကြီးက နဂါးငွေ့တန်းကြီးစီကို ခရီးနှင် ခဲ့ကြပါတယ်။ အဲဒီအချိန်ကတည်းကစပြီး ဒီလိုအခွင့်အရေးမျိုးရရှိဖို့ ကျနော်တို့အိပ်မက်မက်ခဲ့ကြတာပါ” ဟု ဘန်နီအော့ဖ်နှင့် ဝိဇ်တို့က ပူးပေါင်းထုတ်ပြန်ချက်ထဲ၌ ပြောကြားခဲ့သည်။
Game of Thrones ဇာတ်လမ်းတွဲသည် ကြမ်းတမ်းမှုများ၊ အဖော်အချွတ်များပါဝင်သောကြောင့် မိသားစုရုပ်ရှင် အမျိုးအစားဖြင်သည့် Star Wars ဇာတ်ကားများနှင့် ကွဲပြားခြားနေသည့်အတွက် သူတို့နှစ်ဦး မည်ကဲ့သို့ ပုံဖော် မည်ကို ပရိသတ်များက စိတ်ဝင်စားလျက်ရှိသည်။
သို့သော်လည်း Lucasfilm ၏ ဥက္ကဌဖြစ်သူ ကတ်သ်လင်းကနေဒီက သူတို့နှစ်ဦးသည် ယနေ့ရုပ်ရှင်လောကထဲ ၌ အကောင်းဆုံး ဇာတ်လမ်းပုံဖော်သူများဖြစ်သည်ဟု ပြောခဲ့သည်။
Ref: BBC