ဖေဖော်ဝါရီ ၅၊ အိုင်းယက်။ ။ လက်ရှိအချိန်တွင် မန်ယူနိုက်တက်သို့ပြောင်းရန်အဆင်သင့်မဖြစ်သေးဘဲ အိုင်းယက်တွင်သာဆက်နေချင်သေးသည်ဟု မန်ယူနိုက်တက်၏ပစ်မှတ် ဂျက်စတင်ကလွိုက်ဗက်က ပြောသည်။
မော်ရင်ဟိုသည် နယ်သာလန်တောင်ပံကစားသမား၏ခြေစွမ်းကိုသဘောကျနေပြီး ယမန်နှစ်မေလက ယူနိုက်တက်အသင်း ၂-၀ ဂိုးဖြင့်အနိုင်ရသည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် ကလွိုက်ဗက်ထံသွားရောက်၍ စကားပြောနေသည်ကို တွေ့ခဲ့ကြရသည်။
ကလွိုက်ဗက်က “သူက ကျွန်တော့်ကိုတွေ့ချင်ပုံပါပဲ။ ကျွန်တော့်ရဲ့အဖေဘာစီလိုနာမှာကစားတုန်းက မော်ရင်ဟိုက လက်ထောက်လေ့ကျင့်ရေးမှူးပါ။ ကျွန်တော်ကလေးဘဝ အဲဒီကတည်းက သူကကျွန်တော့်ကိုသိပါတယ်”ဟု ဆိုသည်။
ယူနိုက်တက်အနေဖြင့် ကလွိုက်ဗက်ကိုခေါ်ယူရန် ဆွေးနွေးမှုအခြေအနေတိုးတက်နေပြီဟု စနေနေ့တွင်သတင်းထွက်လာသော် လည်း ဆယ်ကျော်သက်ကစားသမားက အိုးထရက်ဖို့ဒ်သို့ပြောင်းရန် အသင့်မဖြစ်သေးဟု ပြောသည်။
“ကျွန်တော်လည်း အဲဒီသတင်းတွေကိုကြားပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုနဲ့ ကျွန်တော်မဆွေးနွေးခဲ့ပါဘူး။ အခုအချိန်မှာတော့ မန်ယူနိုက်တက်ကိုပြောင်းဖို့မရှိသေးပါဘူး”ဟု ကလွိုက်ဗက်ကဆိုသည်။
အသက် ၁၈ နှစ်အရွယ်တောင်ပံကစားသမားသည် လက်ရှိရာသီတွင် အိုင်းယက်အတွက် လိဂ်ပွဲ ၁၆ ပွဲကစားထားပြီး ဟက်ထရစ် တစ်ကြိမ်အပါအဝင် ငါးဂိုးသွင်းထားသည်။
Ref; Metro