ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ။ ။ တရုတ်နိုင်ငံ Nanjing City တွင် ဇန်နဝါရီ ၁၈ရက်၌ ကျင်းပပြုလုပ်ခဲ့သည့် Miss All Nations 2017/18 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ အလှမယ် နန်းမွေခမ်း မှ Miss Eco Tourism ဆု နှင့် Miss Miaoyu ဆု (၂)ဆုကို ဆွတ်ခူး ရရှိခဲ့သည်။
Miss All Nations 2017/18 ပြိုင်ပွဲကို တရုတ်နိုင်ငံ Nanjing City တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် နန်းမွေခမ်း ဝင်ရောက် ယှဉ်ပြိုင်ရန် Miss Golden Land Myanmar အဖွဲ့အစည်း မှ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုအလှမယ် ပြိုင်ပွဲတွင် Miss All Nations Winner ဆုကို Thailand ၊ 1st Runners ကို Australia ၊ 2nd Runners ကို Vietnam ၊ 3rd Runners ကို Russia ၊ 4th Runners ကို Canada နိုင်ငံတို့မှ ဆွတ်ခူး ရရှိခဲ့ သည်။
အခြားသော ဆုများ အနေဖြင့် Best evening Gown ဆုကို Netherlands ၊ Miss Body beautiful ဆုကို Thailand ၊ Best Talent ဆုကို Australia ၊ Miss Friendship ဆုကို Romania ၊ Best Media coverage ဆုကို Malaysia ၊ Miss Charm ဆုကို Czech Republic ၊ Best national costume ဆုကို Netherlands Best Vitality ဆုကို Portugal ၊ Best Eco Tourism ဆုကို မြန်မာ ၊ Best Fashion ဆုကို Germany ၊Miss bikini ဆုကို Canada ၊ Photogenic ဆုကို Siberia တို့မှ ရရှိခဲ့သည်။
အလှမယ် နန်းမွေခမ်း အနေဖြင့် Best in Talent ထိပ် ဆုံး (၆)ဦးစာရင်းဝင်အဖြစ် ပါဝင် တင်ဆက် နိုင်ခဲ့သလို Miss All Nations ပြိုင်ပွဲ၏ ထိပ်ဆုံး လက်ရွေးစင် (၁၁)ဦး ရွေးချယ်သည့် စာရင်းတွင်လည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ရှမ်းရိုးရာဝတ်စုံ National Costume သည်လည်း ပရိသတ်များအကြား ရေပန်းစား အားပေးခြင်း ခံခဲ့ရသည့် ဝတ်စုံ ဖြစ်သလို National Costume ကို Designer ကိုကျော်ရဲမြင့်အောင်က ရှမ်းရိုးရာ မပျက်စေဘဲ ဆန်းသစ်တီထွင်ပြီး အနုစိတ် လက်ရာများနှင့် ဖန်တီးချုပ်လုပ် ပေးထားခြင်း ဖြစ်သည်။
အလှမယ် နန်းမွေခမ်း သည် လက်ရှိတွင် Miss All Nations Organization ၏ Activity များ နှင့် ပွဲ အခမ်း အနား များကို ချစ်ကြည်ရေး သံတမန်တစ်ဦးအဖြစ် တက်ရောက်ရန်အတွက် ထိပ်ဆုံးလက်ရွေးစင် များနှင့်အတူ တရုတ်နိုင်ငံတွင် (၁၀)ရက်ကြာ ဆက်လက် နေထိုင်သွားရမည် ဖြစ်သည်။