ဇန်နဝါရီ ၁၄၊ အင်္ဂလန် ။ ။ အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်သည် မန်စီးတီးအသင်းကိုငြင်းပယ်ပြီး မန်ယူကို ရွေးချယ်ခဲ့ပါက တစ်ပတ်လစာငွေ ပေါင် ၆ သောင်း ပိုရနိုင်မည်ဖြစ်သည်။
မန်စီးတီးအသင်းသည် ဆန်းချက်ဇ်ကို ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဖြင့် ကမ်းလှမ်းထားပြီး တစ်ပတ်လစာငွေ ၂၉၀,၀၀၀ ပေးချေမည် ဖြစ်သည်။
မန်ယူအသင်းက မန်စီးတီးအသင်းအား နောက်ကောက်ချ၍ ဆန်းချက်ဇ်ကို ခေါ်ယူရန်ကြိုးပမ်းနေပြီး တစ်ပတ်လစာငွေ ပေါင် ၃၅၀,၀၀၀ ပေးချေရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ မန်ယူအသင်းသည် ပြောင်းရွှေ့ကြေးကို မန်စီးတီးထက်ပိုပေးဦးမည်ဖြစ်သည့်အပြင် ဆန်းချက်ဇ်၏အေးဂျင့်အတွက် ပေါင် ၅ သန်းလည်း ပေးချေဦးမည် ဖြစ်သည်။
ဆန်းချက်ဇ်၏ လက်ရှိစာချုပ်မှာ ယခုနှစ်အကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အာဆင်နယ်အသင်းကလည်း ပြောင်းရွှေ့ကြေးရရန် လက်လွှတ်ဖွယ်ရှိနေသည်။
“နွေရာသီမှာ အသင်းကိုတည်ဆောက်တာက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဆန်းချက်ဇ်ကိုခေါ်ယူနိုင်ဖို့က တကယ့်အခွင့်အရေးကောင်းပါ။ ကျွန်တော်တို့ဘက်က လုံးဝအလျှော့ပေးမှာ မဟုတ်ပါဘူး” ဟု မန်ယူနည်းပြ မော်ရင်ဟိုက ဆိုထားသည်။
ရည်ညွှန်း The Sun