အဆွေတော်သမ္မတကြီး
ဇန်နဝါရီ ၃ ရက်၊ ၂၀၁၈ ။ ။ ဇန်နဝါရီ ၄ ရက်၌ ကျရောက်သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အတွက် ဂုဏ်ယူပါကြောင်းနှင့် မြန်မာနိုင်ငံသားများအတွက် အကောင်းဆုံးဆုမွန်ကောင်း တောင်းပါကြောင်း အမေရိကန်နိုင်ငံသားများက ပြောကြားအပ်ပါသည်။
အဆွေတော်၏နိုင်ငံအောင်မြင်မှု အဓွန့်ရှည်ရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက အတည်ပြုထောက်ခံခဲ့သော ဒီမိုကရက်တစ်စံတန်ဖိုးမှာ အဓိကအရေးပါလျက်ရှိနေပါသေးသည်။
ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ဆက်လက်ဖော်ဆောင်လျက်ရှိသော မြန်မာနိုင်ငံနှင့် မိတ်ဆွေအနေနှင့်ရော လက်တွဲဖက်နိုင်ငံအနေဖြင့်ပါ အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်လျက်ရှိနေပါမည်။
ရိုးသားစွာဖြင့်
ဒေါ်နယ် ဂျေ ထရမ့်