ဒီဇင်ဘာလ ၂၆ ။ ။ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း ထိုင်းအမျိုးသား ၂ ဦးနှင့်အတူ တရားမဝင်ငါးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ကော့သောင်းမြို့၏ အနောက်တောင်ဘက် ၆၄ မိုင်ခန့်အကွာ၌ ကျောက်ချ၍ တရားမဝင် ငါးဖမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော စက်မကြီး HINO EK 100 ခြောက်လုံးထိုး၊ 280 HP ခန့် တစ်လုံးတပ်ဆင်ထားသော အလျား ၄၃ ပေ၊ အနံ ၁၃ ပေ၊ ရေစူး ၆ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ထိုင်း စာတန်းနှင့် အင်္ဂလိပ်အက္ခရာ AS-3144 M ပါ ထိုင်းဝါးတန်းအကူ မီးထွန်းလှေတစ်စင်းနှင့်အတူ ထိုင်းနိုင်ငံသား အမျိုးသားနှစ်ဦးအား တပ်မတော်(ရေ) မှ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။
ထိုသို့ ဖမ်းဆီးရမိသူများနှင့် တရားမဝင်ငါးဖမ်း လှေတို့ကို ကော့သောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။