ဆိုးလ်၊ ဒီဇင်ဘာ ၂၁ ။ ။ မြောက်ကိုရီးယား စစ်သားတစ်ဦးသည် ထူထပ်သည့် နယ်စပ်ခံစစ်မြေကို ဖြတ်ကာ ဒီဇင်ဘာ ၂၁ ရက်က ဘေးကင်းစွာ ဘက်ပြောင်းပြေးဝင်လာခဲ့ကြောင်း တောင်ကိုရီးယားအရာရှိများက ပြောသည်။
ကုန်လွန်ခဲ့သည့် ရက်ပေါင်း ၄၀ ခန့်အတွင်း မြောက်ကိုရီးယားတပ်မှူးများ၏ သေနတ်ဖြင့် တရစပ်လိုက်လံပစ်ခတ်သည့်ကြားက စစ်သားတစ်ဦး တောင်ကိုရီးယားဖက်သို့ အသည်းအသန် ပြေးဝင်လာမှု ဖြစ်ပွားပြီး နောက်ထပ်ထပ်မံကာ မြောက်ကိုရီးယားစစ်သားတစ်ဦး ထပ်မံပြေးဝင်လာမှုပဲဖြစ်သည်။
မြောက်ကိုရီးယားစစ်သားများသည် နယ်စပ်ကုန်းမြေကို ဖြတ်ကာ ရံခါဆိုသလို တောင်ကိုရီးယားဖက်သို့ အောင်မြင်စွာ ဘက်ပြောင်းခိုလှုံမှုများ ရှိနေသည်။
သို့သော် ပြီးခဲ့သည့်လက နယ်စပ်ပူးတွဲထိန်းချုပ်ရာဧရိယာကို ဖြတ်ကျော်သည့် မြောက်ကိုရီးယားစစ်သားကို တပ်မှူးများကို လိုက်လံပစ်ခတ်၍ ဒဏ်ရာများစွာ ရရှိပြီးမှ တောင်ကိုရီးယားဖက်သို့ ခိုလှုံရောက်ရှိခဲ့သည်။
၎င်းစစ်သားတွင် သေနတ်ဒဏ်ရာ များစွာ ရရှိထားကာ တောင်ကိုရီးယားဆေးရုံတစ်ရုံတွင် တင်ထားကုသဆဲဖြစ်သည်။
ဒီဇင်ဘာ ၂၁ ရက် နံနက်တွင် နောက်ထပ်အခြားစစ်သားတစ်ဦးက နယ်စပ်အပိုင်းတစ်နေရာမှ တောင်ကိုရီးယားဖက်သို့ ခိုလှုံဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်မှု မရှိခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါ စစ်သား တောင်ကိုရီးယားရှေ့တန်းအစောင့်ဂိ်တ်စခန်းကို ရောက်ရှိချိန် မြောက်ကိုရီးယားစစ်တပ်ဖက်က မည်သည့် သံသယဖြစ်ဖွယ် လှုပ်ရှားဆောင်ရွက်မှုမျှ မတွေ့ရကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောခဲ့သည်။
ယခု စစ်သား ဘက်ပြောင်းပြေးဝင်လာမှု အကြောင်းရင်းခံကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။