ဒီဇင်ဘာ ၁၇၊ အင်္ဂလန် ။ ။ စပါးအသင်းကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီးနောက်တွင် မန်စီးတီးနည်းပြဂွါဒီယိုလာက အသင်းနှင့် ကစားသမားများ၏ ကူညီထောက်ပံ့ပေးမှုမရှိလျှင် ယခုကဲ့သို့ ၁၆ ပွဲဆက်တိုက် အနိုင်ရနိုင်မည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။
မန်စီးတီးအသင်းသည် စပါးနှင့် ပွဲတွင် ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး အနိုင်ဂိုးများကို စတာလင်းက ၂ဂိုး၊ ဂန်ဒိုဂန်နှင့် ဒီဘရိုင်းတို့က ၁ဂိုးစီ သွင်းယူပေးခဲ့ကြသည်။
“ကျွန်တော့်ဘဝမှာ အံ့သြစရာကောင်းတဲ့ အသင်းသုံးသင်းကို နည်းပြခဲ့ဖူးပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ အခု မန်စီးတီးအသင်းပါ။ အသင်းအားလုံးက ကျွန်တော့်ကို ထောက်ခံမှုအပြည့်ပေးခဲ့ကြပြီး ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ခွင့်ပေးခဲ့ပါတယ်။ ကစားသမားကောင်းတွေနဲ့ အသင်းရဲ့အထောက်အပံ့တွေ မပါ၀င်ဘဲ အောင်မြင်မှုရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ကျွန်တော်ရဲ့နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းသားအားလုံးအတွက် ဂုဏ်ယူပါတယ်။ သူတို့ဟာ တကယ်ကို အလုပ်ကြိုးစားတဲ့သူတွေပါ”ဟု ဂွါဒီယိုလာက ပြောဆိုခဲ့သည်။
ရည်ညွှန်း - All Football