ဒီဇင်ဘာ ၁၃ ။ ။ ဘော့စနီးယားမှာ ကလေးငယ် အယောက် ၂၀ တို့ဟာ စန္ဒရားတစ်လုံးတည်းနဲ့ သီချင်းတစ်ပုဒ် သံပြိုင်တီးခတ်ပြသပြီး ဂင်းနစ် ကမ္ဘာ့စံချိန်သစ် တင်လိုက်နိုင်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ယခင် စံချိန်ကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အီတလီနိုင်ငံမှာ လူ ၁၈ ဦးက စန္ဒရားတစ်လုံးကို ၀ိုင်းဝန်းတီးခတ်ထားခဲ့တာ ဖြစ်ပါတယ်။
ယခု စံချိန်တင် သစ်ဖို့ လုပ်ဆောင်ခဲ့ရာမှာတော့ ဘော့စနီးယား လူငယ် ၁၈ ယောက်နဲ့ ၎င်းတို့ရဲ့ ဂီတဆရာ နှစ်ဦး ပေါင်း အယောက် ၂၀ တို့ဟာ စန္ဒရားတစ်လုံးမှာ ၀ိုင်းဝန်းစုဖွဲ့ပြီး သီချင်းတစ်ပုဒ်ကို အတူအတွ တီးခတ်ပြသသွားခဲ့ကြတာဖြစ်ပါတယ်။
ယင်းတင်ဆက်မှုကို ပြသနိုင်ဖို့ သုံးလကြာထိ လေ့ကျင့်ခဲ့ရတယ်လို့ သိရပြီး ယင်း ကလေးငယ်တွေဟာ Sarajevo မြို့ အမျိုးသား စာကြည့်တိုက်မှာ တင်ဆက်ပြသသွားခဲ့ကြတာဖြစ်ပါတယ်။
ယခုလို လူအယောက် ၂၀ နဲ့ တင်ဆက်မှုမှာတော့ တစ်ဦးချင်းစီတိုင်းဟာ လက်တစ်ဘက်တည်းကိုပဲ အသုံးပြု တီးခတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။