ဒီဇင်ဘာ ရ ။ ။ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံပြီး မြန်မာ့အရေးဆက်လက်ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး Mr.Knut Ostby က သူ့ရဲ့ တွစ်တာမှာ ထုတ်ပြန်ထားပါတယ်။
UN နဲ့ သဘောတူညီမှုအရ လူမှုအသိုက်အဝန်းအားလုံးအတွက် လိုအပ်ချက်တွေနဲ့ ထောက်ပံ့ပေးမှုတွေကို အဓိကထားဆောင်ရွက်မှာဖြစ်ပြီး ရခိုင်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို ကူညီပေးနိုင်ဖို့ ဖြစ်တယ်လို့ သူက ပြောထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် Mr.Knut Ostby တို့ ဒီဇင်ဘာလ ၆ ရက်မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။