ပြီးခဲ့တဲ့ ချယ်လ်ဆီးအသင်းက ဆွမ်ဆီးကို ၁-၀ ဂိုးနဲ့ အနိုင်ရတဲ့ခဲ့တဲ့ပွဲမှာ ကွင်းအတွင်းမှ ဒိုင်တွေကို ဒေါတတကြီး အော်ဟစ်ဝေဖန်ခဲ့ပြီး ကွင်းအတွင်းမှ ထုတ်ပယ်ခံရသူ နည်းပြ ကွန်တီကို အက်ဖ်အေက ဒဏ်ငွေပေါင် (၈,၀၀၀) ချမှတ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါပွဲစဉ် ပထမပိုင်းမှာ ထောင့်ကန်ဘောမပေးခဲ့တဲ့ စည်းကြပ်ဒိုင် နေးလ်ဆွာဘရစ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ပွဲစဉ်ပြီးဆုံးပြီးနောက်မှာတော့ အသက် ၄၈ နှစ်ရှိ အီတလီသားနည်းပြက ဆွာဘရစ်ကို တောင်းပန်ခဲ့သလို အမှားပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဦးဆောင်သူ မန်စီးတီးရဲ့နောက် ၁၁ အမှတ်အကွာ တတိယနေရာမှာ ရပ်တည်နေပါတယ်။
Ref; BBC