တင်ကရူလ်၏ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွင်း ဂိုးကာကွယ်မှုအများဆုံးစံချိန်ကို ဒီဂီယာလိုက်မီ

တင်ကရူလ်၏ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲအတွင်း ဂိုးကာကွယ်မှုအများဆုံးစံချိန်ကို ဒီဂီယာလိုက်မီ

ဒီဇင်ဘာ ၃၊ အင်္ဂလန် ။             ။ မန်ယူဂိုးသမား ဒီဂီယာသည် မန်ယူအသင်းက အာဆင်နယ်အသင်းကို ၁-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် ဂိုးကာကွယ်မှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒီဂီယာသည် နယူးကာဆယ်ဂိုးသမားဟောင်း တင်ကရူလ်၏ ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲအတွင်း ဂိုးကာကွယ်မှု အများဆုံးစံချိန်ကို လိုက်မီသွားခဲ့သည်။

မန်ယူအသင်းသည် ထိုပွဲတွင် ပထမပွဲချိန် ၁၀ မိနစ်၌ပင် ဗလင်စီယာ၊ လင်ဂတ်တို့၏ သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် လာကာဇက်တီက အာဆင်နယ်အတွက် ၄၉ မိနစ်တွင် ချေပဂိုးတစ်ဂိုးပြန်သွင်းပေးခဲ့သော်လည်း ၆၃ မိနစ်တွင် လင်ဂတ်က မန်ယူအတွက် တတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့ခြင်း ဖြစ်သည်။

ဒီဂီယာသည် ထိုပွဲစဉ်တွင် အထူးလက်စွမ်းပြကာ အာဆင်နယ်တိုက်စစ်မှူးများ၏ သေချာပေါက် ဂိုးကန်သွင်းချက်များကို ကာကွယ်ပြီး မန်ယူကို နိုင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့သည်။

နယူးကာဆယ်ဂိုးသမားဟောင်း တင်ကရူလ်သည် ၂၀၁၃ ခုနှစ်က နယူးကာဆယ်နှင့်စပါးတို့ ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ဂိုးကာကွယ်မှု ၁၄ ကြိမ်ပြုလုပ်ပြီး စံချိန်တင်ထားခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required