နာမည်ကျော် ရီးယဲလ်မက်ဒရစ်နှင့် ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ချစ်သူမှာ မက်ဒရစ်ရှိ Quiron Universal ဆေးရုံးမှာ တနင်္ဂနွေနေ့လည် အစောပိုင်းက သမီလေး မွေးဖွားပေးခဲ့ပြီးနောက် ၎င်းမှာ ကလေး ၄ ဦးရဲ့ ဖခင်ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
အဆိုပါအသက် ၃၂ အရွယ် ကစားသမားဟာ ၎င်းတို့ရဲ့ သမီးမိန်ကလေးကို ပွေ့ထားတဲ့ အသက် ၂၂ ရှိ ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်၊ သားအကြီး ခရစ္စတီယာနို ဂျူနီယာတို့နှင့်အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက “အယ်လာနာမာတီနာကို မွေးဖွားခဲ့ပြီ! ဂျီယိုနှင့် အယ်လာနာတို့က အကြီးမြတ်ဆုံး အလုပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တို့ အားလုံးလည်း ပျော်နေပါတယ်”လို့ ၎င်းရဲ့ Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုဟာ လက်ရှိမှာ ရ နှစ်အရွယ်ရှိ သားကြီးဖြစ်သူ ခရစ္စတီယာနိုဂျူနီယာ၊ ပြီးခဲ့တဲ့ ဇွန်လက အမေရိကန် ဆေးရုံမှာ မွေးဖွားခဲ့တဲ့ အမြွာ သမီးနှင့် သားများဖြစ်တဲ့ အီဗာနှင့် မတ်တီယိုတို့အပြင် အခုဆိုရင် သမီးမိန်းကလေး အယ်လာနာမာတီနာကို ထပ်မံပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
Ref; Daily Mail