အောက်တိုဘာ ၂၂၊ အင်္ဂလန် ။ ။ ဝက်ဖို့ဒ်အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ချယ်လ်ဆီးနည်းပြကွန်တီက ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံရမည်ကို မည်သည့်အခါကမှ ကြောက်ရွံ့ခဲ့ခြင်းမရှိကြောင်း ပြောဆိုလိုက်သည်။
ဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင် ပက်ဒရိုက ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဝက်ဖို့ဒ်အသင်းက ၂ ဂိုးပြန်လည်သွင်းယူခဲ့သည့်အတွက် ချယ်လ်ဆီးတို့ အနိုင်ရရန်ရုန်းကန်ခဲ့ရသည်။ သို့သော် ဘတ်ရူအာယီက ၂ ဂိုး၊ အက်စ်ပီလီကျူတာက ၁ ဂိုးထပ်သွင်းပေးခဲ့သည့်အတွက် ချယ်လ်ဆီးတို့ ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။
“ရိုးရိုးသားသားဝန်ခံရရန် ကျွန်တော်ဖိအားတွေ အများကြီးခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါက ချယ်လ်ဆီးအသင်းဘက်က ကျွန်တော့်ကို ထုတ်ပယ်ခဲ့ရင်ဆိုတဲ့ ဖိအားမျိုးတော့ မဟုတ်ပါဘူး။ အဲ့ဒီလိုဖိအားမျိုးလုံးဝမရှိပါဘူး။ ကျွန်တော့်အလုပ်အပေါ်မှာ ယုံကြည်မှု အပြည့်အ၀ ရှိပါတယ်။
ကျွန်တော်ခံစားရတဲ့ဖိအားက ကျွန်တော့်ကစားသမားတွေ ပရိသတ်ကျေနပ်အောင် ကစားနိုင်ပါ့မလားဆိုတဲ့ ဖိအားပါ” ဟု ကွန်တီက ပြောဆိုခဲ့သည်။
ရည်ညွှန်း ဆော်ကာဝေး