စိုက်ခင်းများကိုတော့ အကျယ် ၂ ပေခွဲ အနက် ၂ ပေခွဲ တူးပြီးတော့ တူးလို့ထွက်လာတဲ့ မြေနဲ့ မြေဆွေး နွားချေး သဲတို့ကို ရောစပ်ပြီးတော့ နှပ်ထားပေးရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရန် အချိန်နီးလာရင်တော့ စိုက်ကျင်းတွေအပေါ်မှာ မြတ်ခြောက်တွေ စုပုံပြီး မီးရှို့ပေးရမှာလည်း ဖြစ်ပါတယ်။ စိုက်ကျင်းများမှာတော့ ပျိုးပင် တစ်ပင်သာ စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးပြီးတဲ့နောက်မှာ အပင်ပတ်ပတ်လည်ကို ကောက်ရိုးများ အုပ်ပေးထားရမှာ ဖြစ်ပါတယ်။
စိုက်ပျိုးပြီးစ အပင်ငယ်လေးတွေကိုတော့ တစ်ပတ်ခန့်အထိ အမိုးမိုးထားပေးရမှာလည်း ဖြစ်ပါတယ်။ ရေကိုတော့ မြေဆိုရုံသာ လောင်းပေးရမှာဖြစ်ပြီးတော့ အပင်ရင်းကို ရေမထိအောင် လောင်းပေးရမှာလည်း ဖြစ်ပါတယ်။ အသီးများ ပြွတ်ခဲနေအောင် သီးတဲ့အတွက် အပင်အရင်းကို မြေဖို့ခြင်း ဒါမှမဟုတ်ရင် ထောက်တိုင်များ ထောက်ထားခြင်းတို့ကို ပြုလုပ်ပေးရမှာပါ။
အပွင့်ပွင့်တဲ့အခါမှာ ပန်းတစ်ခိုင်ကို အကြိုက်ဆုံး တစ်ပွင့်ကိုသာထားပြီး ကျန်တဲ့အပွင့်တွေကို ချွေပစ်ရမှာဖြစ်ပါတယ်။ ဒါမှသာလျင် သီးတဲ့အသီးကလည်း ကြီးမှာဖြစ်ပါတယ်။ သဘောၤသီးမှာ ကျရောက်တက်တဲ့ ရောဂါပိုးတွေကတော့ သစ်သီးယဉ်ပိုး၊ ယင်ဖြူငယ်၊ ဖြုတ်စိမ်း၊ ပြတို့ပဲ ဖြစ်ပြီးတော့ ကျရောက်တက်တဲ့ ရောဂါတွေကတော့ ထားရီရောဂါ၊ သဘောၤရွက် ကွက်ပျောက်ရောဂါ သဘောၤရွက် ကွက်ကျားရောဂါ သဘောၤရွက် ကွက်ဝိုင်းရောဂါတို့ပဲ ဖြစ်ပါတယ်။
အပိုင်း (၁)ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/33100