ဇူလိုင် ရ၊ ရုရှ။ ။ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိနစ်ပေါင်း ၃၈၀ ထိ ကစားခွင့်ရထားပြီး ဂိုးတစ်ဂိုးမှသွင်းယူနိုင်ခြင်းမရှိသေးသည့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးဒ်ကို ချန်လှပ်ထားမည်မဟုတ်ဘဲ ဆက်သုံးနေဦးမည်ဟု ပြင်သစ်နည်းပြ ဒက်စ်ချမ့်စ်က ပြောဆိုလိုက်သည်။
အသက် ၃၁ နှစ်အရွယ် ဂျရူးဒ်သည် ဥရုဂွေးကို ၂-၀ ဂိုးဖြင့်အနိုင်ရသည့် ကွာတားဖိုင်နယ်ပွဲအပါအဝင် ပြင်သစ်အသင်း၏ ပွဲစဉ်လေးပွဲကို ကစားခွင့်ရရှိထားသည်။
“အိုလီဗီယာ ဂိုးမသွင်းသေးဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်ထပ်ပြောပါမယ်။ မသွင်းသေးတာပါ။ သူက တခြား ကစားသမားတွေနဲ့ တူချင်မှ တူလိမ့်မယ်။
ဒါပေမဲ့ အသင်းက သူ့ကို ပွဲတိုင်းလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂိုးမသွင်းနိုင်ရင်တောင် လုပ်ပေးနိုင်တာတွေ အများကြီး ရှိလို့ပါပဲ”ဟု ဒက်စ်ချမ့်စ်က ပြောသည်။
ဂျရူးဒ်သည် လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးကန်သွင်းခွင့် ရ ကြိမ်ရရှိထားပြီး တစ်ကြိမ်မှ ဂိုးပေါက်တည့်ခဲ့ခြင်းမရှိပေ။ ဥရုဂွေးကို အနိုင်ရခဲ့သည့် ပြင်သစ်သည် ဆီမီးတွင် အိမ်နီးချင်းနိုင်ငံ ဘယ်လ်ဂျီယံနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
Ref; BBC