ဇူလိုင် ၆၊ ရီယိုဒီဂျနေးရိုး။ ။ ရီယိုဒီဂျနေးရိုးက ဘယ်လ်ဂျီယံစားသောက်ဆိုင်တစ်ဆိုင်ဟာ ဘရာဇီး-ဘယ်လ်ဂျီယံ ကမ္ဘာ့ဖလားကွာတားပွဲ လာကြည့်မယ့် ပရိသတ်တွေကို ဘယ်အသင်းက ဂိုးသွင်းသွင်း ဘီယာတစ်ခွက် အခမဲ့တိုက်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။
ဒီစားသောက်ဆိုင်ဟာ စားသုံးသူ အယောက် ၄၀ ဆံ့တဲ့ ဆိုင်တစ်ဆိုင်ပါ။ လာရောက် စားသုံးသူတွေအနေနဲ့ ဂိုးတစ်ဂိုးသွင်းတိုင်း ဘီယာတစ်ခွက် အခမဲ့ မှာယူနိုင်တဲ့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။
ဘရာဇီးအသင်းဘက်ကပဲဖြစ်ဖြစ် ဘယ်လ်ဂျီယံအသင်းဘက်ကပဲဖြစ်ဖြစ် ဂိုးတွေသွင်းဖို့ပဲလိုပါတယ်။ လာရောက်ကြမယ့် ဖောက်သည်တွေကတော့ ဒီပွဲကို သွင်းဂိုးများစေချင်ကြမှာ အသေအချာပါပဲ။
ဘယ်အသင်းက ဂိုးသွင်းသွင်း ဘီယာတစ်ခွက်အခမဲ့မှာလို့ရမယ်ဆိုပေမယ့် ပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့အခါမှာရော ပေးဦးမှာလားဆိုတာတော့ မသိရပါဘူး။
ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဇူလိုင် ၆ ရက်ကနေ ၈ ရက်နေ့ထိ ကစားကြမှာဖြစ်ပြီး ဥရုဂွေးနဲ့ ပြင်သစ်၊ ဘရာဇီးနဲ့ ဘယ်လ်ဂျီယံ၊ ဆွီဒင်နဲ့ အင်္ဂလန်၊ ရုရှနဲ့ ခရိုအေးရှားတို့ ယှဉ်ပြိုင်ကစားကြမှာပါ။
ဆီမီးဖိုင်နယ်အဆင့်ပွဲတွေကိုတော့ ဇူလိုင် ၁၁ နဲ့ ၁၂ မှာ ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
Ref; AFP