ဇွန် ၂၃ ။ ။ ထိုုင်းနိုုင်ငံမှာ အထောက်အထားမခိုုင်လုံုတဲ့ မြန်မာရွှေ့ပြောင်းလုုပ်သားတွေကိုု ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ထိုုင်းနိုုင်ငံကနေ မြန်မာနိုုင်ငံ မြဝတီနယ်စပ်လမ်းကနေ ပြန်လာကြတယ်လို့ သိရပါတယ်။
မြဝတီကျောက်လုံုးကြီးစခန်းမှာရှိတဲ့ စာရင်းတွေအရ တစ်ပတ်အတွင်း မှာ လူ၁၂၀၀ ခန့် ပြန်လာတယ်လိုု့ သိရပါတယ်။
ဇွန်လ ၂၃ ရက်နေ့ ညနေ့ ၅နာရီခန့်မှာ မြဝတီကျောက်လုံုးကြီးစခန်းကိုု ရောက်ရှိလာသူတစ်ဦးဖြစ်တဲ့ ကိုုစိုုးလင်းအောင်က “မလုုပ်ချင်လိုု့ပြန်လာတာ အလုုပ်က ပိုုက်ဆံရလည်း နည်းတယ်လေ” လို့ ပြောပါတယ်။
သူက ထိုုင်းနိုုင်ငံ၊ ဖိနပ်စက်ရုံုမှာ အလုုပ်လုုပ်ပြီးပြန်လာသူဖြစ်ပြီး သူတိုု့အလုုပ်ရုံုမှာတော့ အဖမ်းခံရတဲ့သူမရှိသေးဘူးလိုု့ သူက ဆက်ပြောပါတယ်။
ဇွန်လ၂၂ ရက်နေ့မှာ အထောက်အထားမရှိတဲ့ နိုုင်ငံခြားသား ၁၀၀ကျော်ကိုု ဖမ်းဆီးနိုုင်ခဲ့တယ်လိုု့ ထိုုင်းရဲတပ်ဖွဲ့က ထုုတ်ပြန်ထားပါတယ်။ အဖမ်းခံရတဲ့ နိုုင်ငံခြားသား၁၀၀ကျော်ထဲမှာ မြန်မာနိုုင်ငံသား ၆၆ ယောက်ပါ၀င်နေတယ်လို့ သိရပါတယ်။
အထောက်အထား မခိုင်လုံသူတွေကို ဇွန်လကုန်မှ ဖမ်းဆီးမယ်လို့ကြေညာထားသော်လည်း ယခုကဲ့သို့ စတင်ဖမိးဆီးမှုတွေကိုပြုလုပ်နေတာကြောင့် မြန်မာနိုင်ငံသားအများစု ပြန်လာနေကြခြင်းလည်း ဖြစ်ပါတယ်။
“သူများနိုုင်ငံမှာဆိုုတာက စာအုုပ်မပါ၊ ဘာမပါဆိုုတော့ ပုုလိပ်မြင်လည်းကြောက်ရ၊ဘာကောင်မြင်မှန်းမသိ တွေ့တဲ့လူအကုုန်ကြောက်နေရတာပဲ” ကိုုဇေသူလင်းက ပြောပါတယ်။
အဖမ်းခံရမှာကြောက်တဲ့အတွက် ပြန်လာတာပါဆိုတဲ့ ကိုုဇေသူလင်း က ထိုုင်းနိုုင်ငံကိုု အောက်လမ်းကနေတက်သွားပြီး ၁လကျော်ပဲ နေခဲ့တာဖြစ်ပြီး လမ်းစရိတ်ရတာနဲ့ ပြန်လာတာဖြစ်တယ်လိုု့ ပြောပါတယ်။
ထိုုင်းနိုုင်ငံအလုုပ်သမားဝန်ကြီးဌာနရဲ့ထုုတ်ပြန်ချက်ထဲမှာ အထောက်အထားမရှိတဲ့အလုုပ်သမားများ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ်ငါးထောင် ကနေဘတ်ငါးသောင်းအထိ ပေးဆောင်ရမှာဖြစ်ပြီး ထိုုင်းနိုုင်ငံမှာပြန်လည်အလုုပ်လုုပ်ကိုုင်ခွင့် ၂နှစ် ပိတ်ပင်ခံရမယ်ဆိုုတဲ့အချက်တွေလည်း ပါ၀င်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၂၀ရက်နေ့ကလည်း မြန်မာနိုုင်ငံအလုုပ်သမားသံအရာရှိရုံုးကလည်း ထိုုင်းနိုုင်ငံရောက် မြန်မာအလုုပ်သမားများ အထောက်အထားများအမြန်ဆုံုးလုုပ်ထားဖိုု့ သတင်းထုုတ်ပြန်ကြေညာခဲ့ပါတယ်။
ကြေညာချက်ထဲမှာ ထိုုင်းနိုုင်ငံအတွင်း မည်သူမည်ဝါဖြစ်ကြောင်း သတ်သေခံလက်မှတ် Certification of Identitiy-CI စာအုုပ်များကိုု ဇွန်လ ၃၀ရက်နေ့ နောက်ဆုံုးထားပြီး ထုုတ်ယူရမည့်ဆိုုတဲ့ အချက်လည်း ပါ၀င်နေပါတယ်။