နယူးဒေလီ၊ ဇွန် ၁၃ ။ ။ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီဟာ နံနက်ခင်း ကို်ယ်ကာယနဲ့ စိတ်အေးငြိမ်းတည်ငြိမ်ရေး လေ့ကျင့်ခန်း လုပ်နေတဲ့ ဗီဒိယိုကို ထုတ်လွှင့်လိုက်ပါတယ်။
ထောက်ခံသူတွေက ကြံ့ခိုင်တဲ့ ကိုယ်ကာယနဲ့ အအိပ်အနေ နည်းတာတွေအတွက် ဂုဏ်ယူကြွားလုံးထုတ်ခံရတဲ့ မိုဒီဟာ သူ့ရဲ့ လျှို့ဝှက် ကာယလေ့့ကျင့်ခန်းကို အများပြည်သူ သိအောင် မျှလိုက်တာလည်းပဲ ဖြစ်ပါတယ်။
နယူးဒေလီအိမ်တော်ရာက ဥယျာဉ်မှာ ကျောက်တုံးတွေ၊ သစ်တုံးတွေနဲ့ ရေစပ်စပ်တွေပေါ်ကနေ ကမ္မဌာန်းမှတ် လမ်းလျှောက်သလို စိတ်မှတ်ကာ လေ့ကျင့်ခန်းယူနေတဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။
ပြည်သူ ၁ ဒဿမ ၂၅ သန်းရဲ့ အဝလွန်တာနဲ့ နုံချာတဲ့ ကျန်းမာရေး ပြဿနာတို့ကို ကိုင်တွယ်ဖြေရှင်းရေးအတွက်လည်း ရည်ရွယ်ချက်နဲ့ အသက် ၆၇ နှစ်ရှိတဲ့ မိုဒီဟာ ခု နှစ်မိနစ်စာ ဗီဒီယိုကို ဇွန် ၁၃ ရက်က အွန်လိုင်းပေါ် လွှင့်တင်ခဲ့တာပဲ ဖြစ်ပါတယ်။