အောက်တိုဘာ ၉၊ ဂျာမနီ ။ ။ ဂျာမနီအသင်းက အဇာဘိုင်ဂျန်အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် နောက်ခံလူ မူစတာဖီမှာ ကာလကြာရှည်အနားယူရဖွယ်ရှိကြောင်း ဂျာမနီနည်းပြဂျိုအာချင်လိုက အတည်ပြုလိုက်သည်။
မူစတာဖီသည် ထိုပွဲစဉ်၏ ပွဲချိန် ပထမပိုင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဂျင်တာနှင့်လူစားလဲခဲ့ရသည်။ ထို့ကြောင့် အာဆင်နယ်အသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။
“မူစတာဖီရဲ့ဒဏ်ရာက ကြွက်သားစုတ်ပြဲသွားတာဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင် ကြွက်သားအမျှင်တွေစုတ်သွားတာဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဒဏ်ရာက ကာလကြာရှည်အနားယူရဖို့ ရှိနေပါတယ်” ဟု ဂျာမနီနည်းပြ ဂျိုအာချင်လိုက ပြောဆိုခဲ့သည်။
ဂျာမနီအသင်းသည် အဇာဘိုင်ဂျန်အသင်းကို အနိုင်ရရှိခဲ့သောကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲတိုင်းအနိုင်ရသည့် စံချိန်ဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည်။