အောက်တိုဘာ ၃၊ ဘယ်လ်ဂျီယံ။ ။ လူကာကူ၏ခြေကျင်းဝတ်ဒဏ်ရာမှာ အရိုးကျိုးသွားခြင်းမရှိသလို အနေအထား ပျက်ယွင်းသွားခြင်းလည်း မရှိကြောင်း ဘယ်လ်ဂျီယံအသင်းက ထုတ်ပြန်ခဲ့၍ မန်ယူအသင်းကို စိတ်သက်သာရာရစေမည်ဖြစ်သည်။
နွေရာသီတွင် မန်ယူအသင်းထံပေါင် ၇၅ သန်းဖြင့်ရောက်လာပြီးနောက် ၁၀ ပွဲတွင် ၁၁ ဂိုးသွင်းထားသည့် ပုံစံကောင်းရနေသော တိုက်စစ်မှူးမှာ နိုင်ငံတကာပွဲကစားရန် ဘယ်လ်ဂျီယံအသင်းနှင့် ပူးပေါင်းလျှက်ရှိသည်။
တနင်္လာနေ့တွင် လက်ရွေးစင်အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိရာ ဒဏ်ရာကြောင့်အနားယူရမည်ကို စိုးရိမ်ခြင်းခံနေ ရသည်။
အသက် ၂၄ နှစ်အရွယ်ကစားသမားအတွက် ဘယ်လ်ဂျီယံအသင်းက ကောင်းမွန်သည့်စစ်ဆေးမှုရလဒ်ကို အလျှင်အမြန် ထုတ်ပြန်ခဲ့ပြီး နောက်ထပ်စစ်ဆေးမှုများ ထပ်မံပြုလုပ်ဦးမည်ဖြစ်သည်။
“လူကာကူကို MRI ရိုက်ထားတဲ့ရလဒ်အရ ခြေကျင်းဝတ်က အရိုးကျိုးသွားခြင်းမရှိသလို အနေအထားပျက်သွားခြင်းလည်း မရှိပါဘူး။
ရက်ပိုင်းအတွင်းမှာ တစ်ဦးတည်းလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပါလိမ့်မယ်။ ဘော့စနီးယား၊ ဆိုက်ပရပ်တို့နဲ့ပွဲတွေမှာ သူမပါနိုင်ဘူး လို့လည်း ပြောဖို့စောပါသေးတယ်”ဟု ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း၏ ကြေညာချက်တွင်ဖော်ပြထားသည်။
Ref; goal.com